You are now going to access a site with sensitive information.
For added security measures, we recommend that you clear your cache after you have finished browsing the site.
ယခုဆိုလျှင် သင်ဟာ အကဲဆတ်ပြီးသတိထားကိုင်တွယ်ရမယ့် အချက်အလက်များ ပါဝင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ရောက်တော့မှာဖြစ်ပါတယ်။
ထပ်လောင်း လုံခြုံရေးအစီအမံတစ်ခုအဖြစ် ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုပြီးပါက cache များကို ရှင်းလင်းခဲ့ရန် အကြံပေးလိုပါတယ်။
မြန်မာပြည် သတင်းအချက်အလက် နယ်ပယ် စစ်တမ်း အမှတ်-၄
အစီရင်ခံစာ၏ အဓိကအချက်အလက်များ
အစီရင်ခံစာ ကာလ
ဇူလိုင် - သြဂုတ် ၂၀၂၃
မြန်မာပြည်တွင် လူမှုသဟဇာတဖြစ်မှု မြှင့်တင်နိုင်ရေး စီမံကိန်း၏ တစိတ်တပိုင်း အနေဖြင့် Digital Public Square သည် နိုင်ငံတွင်းရှိ အွန်လိုင်းနယ်ပယ်ကို လေ့လာသည့် ကနဦး စီမံချက် တခုကို ဆောင်ရွက်ခဲ့ပါသည်။ သုတေသန နည်းလမ်းများ ပေါင်းစပ် အသုံးပြုသည့် ချဥ်းကပ် မှုဖြင့် ဤတတိယအစီရင်ခံစာသည် အွန်လိုင်းတွင် ဖြန့်ချီနေသည့် စစ်အုပ်ချုပ်ရေး ထောက်ခံ သူများ၏ လုပ်ကြံသတင်းများ၊ မမှန်သတင်းများကို စောင့်ကြည့်ပြီး အရေးကြီး ဖြစ်စဥ် ဖြစ်ရပ်များ၊ တွေ့ရှိရသည့် ပုံစံများ၊ ယင်းတို့၏ ရည်ရွယ်ချက်များကို တင်ပြ ထားပါသည်။ ဤအစီရင်ခံစာသည် ကနဦးစီမံချက်၏ စတုတ္ထနှင့် နောက်ဆုံး အစီရင်ခံစာ ဖြစ်ပြီး၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက် မှ သြဂုတ် ၁၅ ရက် အတွင်း အွန်လိုင်းနယ်ပယ်ကို သုံးသပ် တင်ပြထား ပါသည်။