အစီရင်ခံစာ ကာလ
ဇန်နဝါရီ - မတ် ၂၀၂၃

မြန်မာပြည် သတင်းအချက်အလက် နယ်ပယ် စစ်တမ်း အမှတ်-၂

အစီရင်ခံစာ၏ အဓိကအချက်အလက်များ



အစီရင်ခံစာ ကာလ

ဇန်နဝါရီ - မတ် ၂၀၂၃ 


အစီရင်ခံစာ၏ အဓိကအချက်အလက်များ

မြန်မာပြည်တွင် လူမှုသဟဇာတဖြစ်မှု မြှင့်တင်နိုင်ရေး စီမံကိန်း၏ တစိတ်တပိုင်း အနေဖြင့် Digital Public Square  သည် နိုင်ငံတွင်းရှိ အွန်လိုင်းနယ်ပယ်ကို လေ့လာသည့် ကနဦးစီမံချက်တခုကို ဆောင်ရွက်ခဲ့ပါသည်။ သုတေသန နည်းလမ်းများ ပေါင်းစပ် အသုံးပြုသည့် ချဥ်းကပ်မှုဖြင့် ဤဒုတိယအစီရင်ခံစာသည် အွန်လိုင်းတွင် ဖြန့်ချီနေသည့် စစ်အုပ်ချုပ်ရေး ထောက်ခံသူများ၏ လုပ်ကြံသတင်းများ၊ မမှန်သတင်းများကို စောင့်ကြည့်ပြီး အရေးကြီးဖြစ်စဥ်ဖြစ်ရပ်များ၊ တွေ့ရှိရသည့် ပုံစံများ၊ ယင်းတို့၏ ရည်ရွယ်ချက်များကို တင်ပြထားပါသည်။​ ဤအစီရင်ခံစာသည် ကနဦးစီမံချက်၏ ဒုတိယအစီရင်ခံစာဖြစ်ပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အွန်လိုင်းနယ်ပယ်ကို သုံးသပ်တင်ပြထားပါသည်။​