မြန်မာနိုင်ငံတွင် သဘောထားကြီး လက်ခံမှု၊ အုပ်ချုပ်မှုနှင့် မီဒီယာဆိုင်ရာ လူထုထင်မြင်ချက်ကို ခြေရာခံခြင်း

တွေ့ရှိချက်များ အစီရင်ခံစာ | စက်တင်ဘာလ ၂၀၂၃

အစီရင်ခံစာအနှစ်ချုပ်

Digital Public Square မှ စီစဥ်သည်။

အစီရင်ခံစာအနှစ်ချုပ် 

ကနေဒါနိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Digital Public Square (DPS) သည် ဘောထားကြီးလက်ခံမှု ဒီမိုကရေစီနှင့် မီဒီယာ အသုံးပြုမှုဆိုင်ရာ အကြောင်းအရာအမျိုးမျိုးနှင့်ပတ်သက်ပြီး လူထုထင်မြင်ချက်များကို ကောက်ယူစုဆောင်းရန်နှင့် ခြေရာခံရန် မတ်လ ၂၀၂၀ နှင့် ဖေဖေါ်ဝါရီလ ၂၀၂၃ ကြားတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ အွန်လိုင်းစစ်တမ်းလေးခုကို ကောက်ယူခဲ့ပါသည်။ ဤအကြောင်းအရာများနှင့် ပတ်သက်ပြီး ယုံကြည်ချက်များနှင့် အသိအမြင်များသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော  နှစ်ကျော်ကာလ၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြောင်းလဲလာခဲ့သည်ဟု ဤတွေ့ရှိချက်များအပေါ် အချိန်ကာလတစ်ခုအထိ ထပ်တလဲလဲ လေ့လာစိစစ်ချက်က ဖော်ပြပါသည်။ တွေ့ရှိချက်များ အစီရင်ခံစာ၏ ရည်ရွယ်ချက်သည် ပါဝင်ပတ်သက်သူမျိုးစုံအား လူမှု ပေါင်းစည်းညီညွတ်မှုကို အားပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမီကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုကို ထောက်ခံရန် ကူညီပေးနိုင်သည့် ကောက်ယူထားသော ဒေတာများမှ အဓိကျသော ထိုးထွင်းအမြင်များနှင့် အလားအလာများကို အသားပေးဖော်ပြရန် ဖြစ်ပါသည်။ 

အဓိက မှတ်သားရမည့်အချက်များ 

  1. အာဏာသိမ်းပြီးနောက်ပိုင်း လူနည်းစုအုပ်စုများအပေါ် သဘောထားကြီးလက်ခံမှုတွင် တစ်သမတ်တည်းမဟုတ်သော်လည်း တဖြည်းဖြည်းချင်း တိုးတက်မှုများ ရှိလာခဲ့သည်။ လူနည်းစု လူမျိုးများကို ခြိမ်းခြောက်မှုဟုယူဆခြင်းသည် အာဏာသိမ်းမှုမတိုင်ခင်ကထက် ပိုနည်းပါးလာပြီး လူနည်းစုလူမျိုးများအနေဖြင့် အကျိုးပြုလျှက်ရှိသည်ဟု ယူဆမှုသည် အာဏာမသိမ်းခင်ကထက် ပိုမြင့်မားလာခဲ့သည်။ အချို့သော ဘာသာရေး လူနည်းစုများကို ခြိမ်းခြောက်မှုဟု ယူဆမှုများသည် အာဏာမသိမ်းခင်ကထက် ပိုနည်းပါးသော်လည်း အဆိုပါ ဘာသာရေး လူနည်းစုများအနေဖြင့် အကျိုးပြုနေသည်ဟူသော အမြင်သည် ရေရှည်တွင် တိုးတက်လာခဲ့ခြင်း မရှိပါ။ ဤအချက်သည် တိုင်းရင်းသားနှင့် ဘာသာရေး အုပ်စုအမျိုးမျိုးကြားတွင် လူမှုပေါင်းစည်းညီညွတ်မှုကို ဆက်လက်၍ အားပေးမြှင့်တင်ရန် ယခုလိုအပြုသဘောဆောင်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားဖို့ အခွင့်အလမ်းတစ်ရပ်ကို မီးမောင်းထိုးပြနေပါသည်။ 
  2. ဒီမိုကရေစီ လိုလားမှုသည် မတ်လ ၂၀၂၁ တွင် အာဏာသိမ်းပြီးစ ချက်ချင်း၌ တစ်ဟုန်ထိုး ပေါ်ထွက်လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အားကောင်းနေဆဲ ဖြစ်ပါသည်၊ သို့ရာတွင် စိတ်ဝင်စားမှုမရှိသော သို့မဟုတ် အယုံအကြည်ကင်းမဲ့သော လူဦးရေအချိုးအစားတစ်ခုလည်း ရှိနေဆဲ ဖြစ်ပါသည်။  ထို့ပြင် 2023 တွင် စစ်တမ်းဖြေဆိုသူ အများစု (၅၉%) သည် အနာဂတ် ရွေးကောက်ပွဲများက လွတ်လပ်ပြီး မျှတမည်ဟု မထင်မြင်ကြပါ။ သို့သော် ဖြေဆိုသူ သုံးပုံတစ်ပုံနီးပါးသည် စီစဉ်ထားသော ရွေးကောက်ပွဲများက အတိုင်းအတာတစ်ခုအထိ လွတ်လပ်ပြီး မျှတမည်ဟု ယုံကြည်ခဲ့ကြသည်။ ဤတွေ့ရှိချက်များသည် မြန်မာနိုင်ငံတွင် အရပ်ဖက် အသိပညာပေးခြင်းကို တိုးမြှင့်ရန်နှင့် ဒီမိုကရက်တစ် အခြေခံမူများနှင့် လုပ်ငန်းစဉ်များအတွက် အားပေးထောက်ခံရန် ပစ်မှတ်ထားသော လှုံ့ဆော်မှုများနှင့် ပဏာမခြေလှမ်းများအတွက် လိုအပ်ချက်ကို အချက်ပြပေးပါသည်။
  3. လူအများ၏ စိတ်ကျန်းမာရေးမှာ ပံ့ပိုးမှု လိုအပ်နေပါသည် ၂၀၂၃ တွင် စစ်တမ်းကောက်ယူခဲ့သည့် လူဦးရေ၏ လေးပုံတစ်ပုံနီးပါးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် စိတ်ကျန်းမာရေးသည် လူထုဆွေးနွေးမှုအတွက် အရေးပါဆုံး အကြောင်းအရာတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ပြင် ဖြေဆိုသူများ၏ ၈၁% သည် လက်ရှိနိုင်ငံရေးအခြအနေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ခြေကုန်လက်ပန်းကျနေသည်ဟု ခံစားရကြောင်း တင်ပြခဲ့ကြသည်။ ကောက်ယူထားသည့် ဒေတာများအရ လူအများ၏ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် နိုးကြားသိရှိရေးအတွက် အပိုဆောင်း ရင်းမြစ်များ သတ်မှတ်ဖြည့်ဆည်းပေးရမည်ဟု သိရပါသည်။
  4. ငြိမ်းချမ်းရေး ဖြစ်စဥ်သည် နိုင်ငံသားများအတွက် ဦးစားပေးကိစ္စ ဖြစ်နေဆဲ ဖြစ်ပါသည်။ စစ်တပ်အာဏာလွှဲပြောင်းယူခဲ့သည်မှာ ၂နှစ်ကျော်ရှိလာပြီးနောက် လူထုတစ်ရပ်လုံး၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များသည် ပြည်သူလူထု၏ အဓိကစိုးရိမ်မှု ဖြစ်နေဆဲဖြစ်သည်။ ၎င်းသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းအပြင် ဒီမိုကရေစီနှင့် ပတ်သက်ပြီး ဆွေးနွေးမှုနှင့် လှုပ်ရှားမှုအတွက် လိုအပ်ချက်ကို အသားပေးဖော်ပြပါသည်။ 
  5. လူမှုမီဒီယာ၊ အထူးသဖြင့် ဖေ့စ်ဘုတ် သည် လူအများအတွက် အရေးပါသော သတင်းအချက်အလက် ရင်းမြစ်တစ်ခု ဖြစ်နေဆဲဖြစ်သည် ၂၀၂၃ တွင် ဖြေဆိုသူများ၏ ခန့်မှန်းခြေ ၂၀% ခန့်သည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အွန်လိုင်းရှိ သတင်းအချက်အလက်အမှားများက အရေးတကြီးဖြစ်သည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ အွန်လိုင်းတွင် သတင်းအချက်အလက်အမှားများကို တားဆီးကာကွယ်ရန်အလို့ငှာ ဒစ်ဂျစ်တယ် မီဒီယာဆိုင်ရာ သိနားလည်မှုသည် ဦးစားပေးဖြစ်ရမည်ဟု ဆိုလိုသည်။ ၎င်းသည် ဤပလက်ဖောင်းများမှ အရေးကြီး အကြောင်းအရာများအပြင် သင်ယူလေ့လာခြင်းနှင့် ပတ်သက်ပြီး အွန်လိုင်းရှိ လူအများစုနှင့် ထိတွေ့ဆက်ဆံရန် အကောင်းဆုံးနည်းလမ်းအချို့ ဖြစ်သည်ဟုလည်း ဖော်ပြသည်။ 
  6. ၂၀၂၃ တွင် စစ်တမ်းဖြေဆိုသူများသည် နစက က ထိန်းချုပ်သော သို့မဟုတ် ၎င်းတို့နှင့် နှီးနွှယ်ဆက်စပ်နေသော မီဒီယာများသည် အွန်လိုင်းသတင်းအတု၏ အဓိကရင်းမြစ်ဖြစ်သည်ဟု သိရှိခဲ့ကြသည်။ သို့သော် လွတ်လပ်သော မြန်မာ မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် သတင်းအတု အရင်းအမြစ်များအဖြစ် ဒုတယနှင့် တတိယနေရာတွင် ရှိနေကြပြီး ယင်းအချက်က လက်တွေ့လုပ်ဆောင်နေသူများနှင့် ပြည်သူထူလုကြားတွင် ယုံကြည်မှုကို အားပေးမြှင့်တင်ပြီး တည်ဆောက်ပေးရန် ပို၍ကြိုးစားလုပ်ကိုင်ရမည်ဟု အကြံပြုပါသည်။

တွေ့ရှိချက်များ အစီရင်ခံစာ အပြည့်အစုံတွင် အထက်ပါ အဓိကမှတ်သားရမည့်အချက်များကို အသေးစိတ်ဖော်ပြရှင်းလင်းပေးထားပါသည် အစီရင်ခံစာ အပြည့်အစုံကို https://reports.weaskedmyanmar.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

မေးခွန်းများနှင့် စုံစမ်းမေးမြန်းမှုများကို events.connect@digitalpublicsquare.org သို့ ပေးပို့နိုင်ပါသည်။ 

Digital Public Square အကြောင်း

Digital Public Square သည် အကူအညီလိုအပ်နေသော အသိုင်းအဝိုင်းများထံသို့ နည်းပညာကောင်းများ ဖြည့်ဆည်းပေးရန် ရည်ရွယ်သည့် ကနေဒါနိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုးပမ်းလုပ်ကိုင်မှုသည် အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှအနှံ့အပြားရှိ ကမ္ဘာအရပ်ရပ်မှ လူသန်းပေါင်းများစွာထံသို့ ရောက်ရှိသည်အထိ တိုးတက်အောင်မြင်လာခဲ့ပါသည်။ Digital Public Square သည် ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုများအတွက် သည်းခံခြင်းနှင့် ပါဝင်ထည့်တွက်ခြင်းကို တိုးမြှင့်ပေးရန် ကြိုးပမ်းသည့် အစီအစဥ်တစ်ရပ်အနေဖြင့် ၂၀၁၉ နိုဝင်ဘာလကတည်းက မြန်မာနိုင်ငံတွင် ချိတ်ဆက်လုပ်ကိုင်လာခဲ့ပါသည်။ ကျွန်ုပ်တို့သည် သိသိသာသာ ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် လိုက်ဖက်အောင် ပြင်ဆင်လုပ်ကိုင်ရင်း နိုင်ငံတွင်းရှိ ဒေသန္တရ ပါတနာများနှင့် ကျွမ်းကျင်သူများစွာတို့နှင့် အနီးကပ် လုပ်ကိုင်လျက်ရှိသည်။